သင့်ဓာတ်ပုံများကို အင်တာနက်ပေါ်တွင် မျှဝေခြင်းမပြုမီ ထိုပုံများထဲမှ Metadata ကိုဖယ်ရှားခြင်းဖြင့် သင့်ကိုယ်ရေးကိုယ်တာကို ကာကွယ်ပါ။

လက္ခဏာရပ်များ-

✔️Metadata ကြည့်ရှုခြင်း
✔️ဓာတ်ပုံအစမ်းကြည့်ခြင်း
✔️Metadata ဖယ်ရှားခြင်း
✔️ရိုးရှင်းပြီး ဆန်းသစ်သော အသွင်အပြင်
✔️အက်ပ်မှနေ၍ တိုက်ရိုက်မျှဝေခြင်း

အသေးစိတ်သိရှိရန်-

သင်ဓာတ်ပုံရိုက်လိုက်တိုင်း metadata အပိုများကို ဓာတ်ပုံဖိုင်ထဲတွင် သိမ်းထားပါသည်။
စမတ်ဖုန်းအများစုက ထိုအချက်ကို သင့်အားအသိမပေးပါ။

Metadata သည် ဤသို့ဖြစ်နိုင်ပါသည်-
🕑ဓာတ်ပုံရိုက်သောနေ့ရက်နှင့် အချိန်။
🗺️နေရာအတိအကျ။
📷အသုံးပြုသော ကင်မရာ သို့မဟုတ် စမတ်ဖုန်း။
🔧အသုံးပြုသော ကင်မရာဆက်တင်။
📝ဓာတ်ပုံရိုက်သူ သို့မဟုတ် ကင်မရာ၏ မှတ်ချက်များ
📌အခါများစွာပင် GPS တည်နေရာအတိအကျကိုလည်း သင့်ဓာတ်ပုံတွင် သိမ်းထားပါသည်။

Metadata သည် တစ်ခါတစ်ရံ အလွန်အသုံးဝင်ပါသည်။ ဥပမာ၊ အားလပ်ရက်အပျော်ခရီးမှ ဓာတ်ပုံများ ရွေးထုတ်ခြင်း။
သို့သော် လူမှုကွန်ရက်ပေါ်တွင် ဓာတ်ပုံများကို အခြားသူများနှင့် သင်မျှဝေလိုက်သည်နှင့် ဤအချက်အလက်များကို လူသိရှင်ကြား မြင်တွေ့နိုင်ပါသည်။
ဒေတာစုဆောင်းသူများနှင့် နောက်ယောင်ခံလိုက်သူများက သင်နေထိုင်သောနေရာ သို့မဟုတ် အလုပ်ခွင်ကို metadata မှနေ၍ ဖြစ်စေ၊ သင့်နေ့စဉ်လုပ်ငန်းများမှနေ၍ ကောက်ချက်ဆွဲ၍ဖြစ်စေ တွေ့သွားနိုင်ပါသည်။
ခြေရာခံသော ဝန်ဆောင်မှုများက ပိုပြီးလွှမ်းခြုံပါဝင်သော ကြော်ငြာပရိုဖိုင်များ ဖန်တီးကာ သင့်ဒေတာများကို အခြားအဖွဲ့အစည်းများထံသို့ ရောင်းချနိုင်ပါသည်။

ထိုဒေတာအားလုံးကို ကျွန်ုပ်တို့၏အက်ပ်ဖြင့် အလွယ်တကူ ကြည့်ရှုနိုင်ပါသည်။ လုံးဝဖျက်ပစ်နိုင်ပါသည်။ မည်သူမည်ဝါ မဖော်ပြသည့် ဓာတ်ပုံကိုလည်း တိုက်ရိုက်မျှဝေနိုင်ပါသည်။
ထိုနည်းဖြင့် သင့်ကို မည်သူမည်ဝါမှန်း မသိတော့ဘဲ အင်တာနက်ပေါ်တွင် လုံခြုံစိတ်ချရသလို သင့်သူငယ်ချင်းများကလည်း သင်တင်ထားသည့် ချစ်စရာကြောင်ကလေးကို သဘောကျနှစ်သက်နိုင်ပါသေးသည်။

ပျော်ရွှင်စွာမျှဝေနိုင်ပါစေ။